ယခုဘလော့ဂ်အား (ဝေဖန်ချက် ၊ ထင်မြင်ချက်) သတင်း၊ ဆောင်းပါး၊ ဓါတ်ပုံ၊ ကဗျာများပေးပို့လိုပါက ဆက်သွယ်ရန်လိပ်စာ lion.nnt@gmail.com,cherrylandlay@gmail.com, Phone: 09428363601 ပေးပို့သူများကိုလည်း အထူးပဲကျေးဇူးတင်ရှိပါတယ်။

Sunday 25 August 2013

လုံခြုံရေးတိုးမြှင့်ပြီးနောက် မြိတ်၌ အကြမ်းဖက်သမား ၃ဦး ဖမ်းမိ

 
မြန်မာနိုင်ငံတွင်ဖြစ်ပွားခဲ့သော ပဋိပက္ခများအားအကြောင်းပြု၍ပြည်ပနိုင်ငံများရှိ အကြမ်းဖက်အဖွဲ့ အစည်းများမှ နိုင်ငံတွင်းအဖျက်
အမှောက်လုပ်ငန်းများ လုပ်ဆောင်ရန် အကြမ်းဖက်သမားများစေလွှတ်ထားသည့်သတင်းများရရှိ၍ နိုင်ငံတစ်ဝှမ်းလုံခြုံရေးအထူးမြှင့်
တင်ဆောင်ရွက်ထားရာ တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်၌အကြမ်းဖက်သမား ၃ ဦးအား ဖမ်းဆီးရမိခဲ့သည်။
တနင်္သာရီတိုင်းဒေသကြီးနယ်စပ်ဝင်ပေါက်များ၊ ရေလမ်းကြောင်းများမှတဆင့်အကြမ်းဖက်သမားများဝင်ရောက်လာမည့သတင်း
ကိုကြိုတင်သိရှိထား၍ ဖောက်ခွဲရေးသမားများ၏အမည်နှင့်ဓါတ်ပုံများအားတိုင်းဒေသကြီးအတွင်းရှိလုံခြုံရေးအဖွဲ့များထံပေးပို့ထားရာ
သြဂုတ်လ၂၂ရက်နေ့က မြိတ်ကျွန်းစုရှိ တံငါရွာတစ်ရွာနေရာ၌ ထိုလူများအားဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးရမိသူများမှာထိုင်းနိုင်ငံတွင်တရားမ၀င်အလုပ်သွားလုပ်ပြီးမိမိနိုင်ငံသို့ ပြန်လာသည့် မြန်မာလူမျိုးများနှင့် ရော၍ 
 ရေလမ်းကြောင်းမှတဆင့်ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။အဆိုပါသုံးဦးအနက်နှစ်ဦးမှာမြန်မာနိုင်ငံဖွား ထိုင်းနိုင်ငံသားများဖြစ်ပြီး ကျန်တစ်ဦးမှာအင်ဒိုနီးရှားနိုင်ငံဖွားထိုင်းနိုင်ငံသားဖြစ်သည်။အဆိုပါအကြမ်းဖက်သမား(၃)ဦးစလုံးမှာမြန်မာလူမျိုးများကဲ့သို့
 မြန်မာစကားကိုကျွမ်းကျင်စွာပြောဆိုနိုင်သူများဖြစ်သည်။

“အကြမ်းဖက်သမား သုံးယောက် ဖမ်းမိထားတယ်လို့တော့ ကြားတယ်။ဘယ်ရွာမှာ မိလဲတော့ အတိအကျမသိဘူးဗျ၊ကျွန်တော်တို့တနသာင်္ရီတိုင်းကထိုင်းနိုင်ငံနဲ့နယ်မြေဆက်စပ်နေတော့ကုန်းကြောင်းရောရေကြောင်းကပါဝင်
လာနိုင်တယ်။လုံခြုံရေးကိုတော့ အရင်ကထက်တိုးပြီးချထားတာ တွေ့ရတယ်။ ပြည်သူတွေအနေနဲ့လည်းကိုယ့်ပတ်ဝန်းကျင်မှာ သတင်းရရချင်းသက်ဆိုင်ရာလုံခြုံရေးအဖွဲ့အစည်းတွေကိုချက်ချင်းသတင်းပို့သင့်တယ်”ဟုကျွန်းစုမြို့နယ်မှ ဒေသခံ ရေလုပ်သားတစ်ဦးက
ပြောသည်။

မြန်မာနိုင်ငံအတွင်းသို့ ဖောက်ခွဲရေးသမားများ ၀င်ရောက်လာမည့်သတင်းများကြိုတင်ရရှိထားသဖြင့် နိုင်ငံတစ်ဝှမ်း လုံခြုံရေး တိုးမြှင့်
ချထားရာ မြိတ်မြို့နယ်တွင် အကြမ်းဖက်သမားများ ဖမ်းဆီးရမိခြင်းမှာပထမဦးဆုံးအကြိမ်ဖြစ်သည်။

မြစ်မခ

No comments:

Post a Comment

သူငယ်ချင်းတို့....အမြင်လေးတွေရေးပေးခဲ့ပါ။