မုံရွာမြို့အရှေ့ဘက် ကန်ပြားလေးရွာ သုသာန်ဟောင်း အနီးရှိ ရေမရှိသော 
ရေကန်ဟောင်းကြီးအတွင်း၌ ဇနီးသည်နှင့် ချိန်းတွေ့နေသည့် အမျိုးသားကို 
ထိုအမျိုးသမီး၏ ခင်ပွန်းဖြစ်သူက ဓားဖြင့်ထိုး၍ ဓားဒဏ်ရာဖြင့် 
သေဆုံးခဲ့ကြောင်း မုံရွာမြို့နယ်ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
သြဂုတ်လ
 ၁၉ ရက် နေ့လယ် ၁၂ နာရီအချိန်က ကန်ပြားလေးရွာ ရေကန်ဟောင်းကြီးအတွင်း၌ 
လူတစ်ဦး ဝဲဘက်ရင်အုံညှပ်ရိုးအောက် ထိုးသွင်းဒဏ်ရာတစ်ချက်၊ ညာဘက်တင်ပါးတွင်
 တစ်ချက်၊ ဝဲလက်မောင်းတွင် ပြတ်ရှဒဏ်ရာ တစ်ချက်တို့ဖြင့် 
သေဆုံးနေကြောင်းကို တွေ့ရှိခဲ့ရကြောင်း သွားရောက် စစ်ဆေးခဲ့သည့် အမှတ် (၂) 
ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ဆိုသည်။
သေဆုံးသူမှာ မုံရွာမြို့ 
အိုးဘိုထောင် ရပ်ကွက်တွင် နေထိုင်သည့် အသက် ၂၇ နှစ်အရွယ် 
အမျိုးသားတစ်ဦးဖြစ်ပြီး အိမ်ထောင်သည် အမျိုးသမီးတစ်ဦးနှင့် 
ချိန်းတွေ့နေစဉ် အဆိုပါ အမျိုးသမီး၏ခင်ပွန်း ရောက်ရှိလာကာ ၎င်းက 
အသင့်ယူဆောင်လာသည့် ၁၀ လက်မ အရှည်ရှိ ဓားဖြင့်ထိုးသတ်ခဲ့ခြင်း ဖြစ်ကြောင်း 
ရဲအရာရှိတစ်ဦးက ပြောကြားသည်။
ယင်းဖြစ်စဉ်အား မုံရွာအမှတ် (၂) 
ရဲစခန်းတွင် အမှုကြီး အမှတ် ၈/၁၃ ပြစ်မှု အမှတ် (ပ)၃၈၄/၁၃ ပုဒ်မ ၃၀၂ ဖြင့် 
အမှုဖွင့် အရေးယူဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
The Voice Weekly
 
 
No comments:
Post a Comment
သူငယ်ချင်းတို့....အမြင်လေးတွေရေးပေးခဲ့ပါ။