ယခုဘလော့ဂ်အား (ဝေဖန်ချက် ၊ ထင်မြင်ချက်) သတင်း၊ ဆောင်းပါး၊ ဓါတ်ပုံ၊ ကဗျာများပေးပို့လိုပါက ဆက်သွယ်ရန်လိပ်စာ lion.nnt@gmail.com,cherrylandlay@gmail.com, Phone: 09428363601 ပေးပို့သူများကိုလည်း အထူးပဲကျေးဇူးတင်ရှိပါတယ်။

Thursday 22 August 2013

မိုင်တိုင်အမှတ်(၂၀/၂-၃)ကြား ယာဉ်တိုက်မှုဖြစ်ပွား ၁ ဦးသေ ၃ ဦးဒဏ်ရာရ






၂၁-၈-၂၀၁၃ ရက်နေ့ ၁၂၂၅ အချိန်ခန့် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ အမှတ်(၃)လမ်းဆုံ၊ ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ်(၂၀/၂-၃)ကြား ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ အမှတ်(၃)လမ်းဆုံအမြန်လမ်းရဲစခန်းမှတပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။

ထိုသို့စစ်ဆေးရာ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့၊ အောင်မင်္ဂလာ (၃)လမ်းနေ မျိုးတင့်(၄၇)နှစ် မောင်းနှင်လာသော ၁ခ/xxxx ဖူဆို(၆)ဘီးယာဉ်သည် မွေးမြူရေး ကြက်စာအိတ်(၄၀)ကီလိုဂရမ်ပါ(၁၀၀)အိတ်အား တင်ဆောင်ပြီး ရန်ကုန်-နေပြည်တော် ကားလမ်းအတိုင်း မောင်းနှင်လာရာ မိုင်တိုင်အမှတ်(၂၀/၂-၃)ကြား လမ်းလယ်ကျွန်းလမ်းဖြတ်အား ချိုးကွေ့စဉ် ၎င်းယာဉ်နောက်မှ လွိုင်ကော်မြို့၊ နောင်ရာရပ်ကွက်နေ မိုးစက်(ခ)အားပို(၄၃)နှစ် မောင်းနှင်လာသည့် 6F/xxxx အီဆူးဇူးယာဉ်မှ ၀င်ရောက်တိုက်မိသဖြင့် ၁ခ/xxxx ယာဉ်မှာ တိမ်းမှောက်ခဲ့ပြီး 6F/xxxx အီဆူးဇူးယာဉ်မှာရပ်တန့်သွားခဲ့ကြောင်း စစ်ဆေးတွေ့ရှိရသည်။

ထိုသို့တိုက်မိသဖြင့် မိုးစက်(ခ)အားပိုတွင် ယာဘက်နားထင်ကွဲ၊ ယာပါးပေါက်ပြဲ၊ ၀မ်းဗိုက်ပေါက်ပြဲ၊ ခြေသလုံးပေါက်ပြဲဒဏ်ရာတို့ဖြင့် ဆေးရုံသို့ ရောက်ရှိစဉ်သေဆုံးသွားပြီး 6F/xxxx အီဆူးဇူးယာဉ်ပေါ်ပါ ဖယ်ခုံမြို့နေ ဦးအေလိရာကယ် (၃၇)နှစ်တွင် ၀ဲမျက်ခုံးပွန်းပဲ့၊ ယာမျက်ခုံးဖူးရောင်၊ ယာတံတောင်ဆစ် ပေါက်ပြဲ၊ အပေါ်နှုတ်ခမ်းကွဲ၊ အပေါ်သွား(၂)ချောင်းနဲ့ဒဏ်ရာနှင့် တစ်မြို့တည်းနေ ဒေါ်မူမယ်ရီချယ်(၃၆)နှစ်တွင် နဖူးပေါက်ပြဲ၊ ၀ဲလက်ကောက်ဝတ်ပေါက်ပြဲဒဏ်ရာ၊ မျိုးတင့်တွင် ယာတံတောင်ဆစ်ပွန်းပဲ့၊ ယာပေါင်နာကျင်ဒဏ်ရာများ အသီးသီးရရှိသဖြင့် ယာဉ်မဆင်မခြင်မောင်းနှင်သူ မျိုးတင့်နှင့်မိုးစက်(ခ)အားပိုတို့ ၂ ဦးအား အမှတ်(၃)လမ်းဆုံအမြန်လမ်းရဲစခန်းယာဉ်(ပ)၁၅/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၀၄-က/၃၃၇/၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
credit:thithtoolwin.com

No comments:

Post a Comment

သူငယ်ချင်းတို့....အမြင်လေးတွေရေးပေးခဲ့ပါ။