ယခုဘလော့ဂ်အား (ဝေဖန်ချက် ၊ ထင်မြင်ချက်) သတင်း၊ ဆောင်းပါး၊ ဓါတ်ပုံ၊ ကဗျာများပေးပို့လိုပါက ဆက်သွယ်ရန်လိပ်စာ lion.nnt@gmail.com,cherrylandlay@gmail.com, Phone: 09428363601 ပေးပို့သူများကိုလည်း အထူးပဲကျေးဇူးတင်ရှိပါတယ်။

Friday 23 August 2013

Mobile phone ကွန်ယက်များ လိုင်းရှုပ်ထွေးမှုမဖြစ်နိုင်တော့





မိုဘိုင်းဖုန်းများတွင် ယခင်က GSM နှင့် WCDMA နှစ်ခုတွင် လိုင်းရှုတ်ထွေးမှုနှင့် ဖုန်းခေါ်မှုတွင် ခက်ခဲမှုများရှိခဲ့သော်လည်း ယခုအခါတွင် ယင်းကဲ့သို့ လိုင်းရှုတ်ထွေးမှုပြသနာများ ဖုန်းခေါ်ဆိုရန်ခက်ခဲသောပြသနာများ မဖြစ်ပွား နိုင်တော့ကြောင်းသိရသည်။ ထို့ပြင် ယခင်ကအသုံးပြုရန်ခက်ခဲခဲ့သော Dual Mode ဖုန်းများအားလုံးကိုလည်း ယခုအခါ ပြန်လည်အသုံးပြုနိုင်တော့မည်ဖြစ်ကြောင်းသိရသည်။
“ကျွန်တော်တို့ရန်ကုန်မြို့မှာ WCDMA ကွန်ရက်တစ်ခုဖြစ်တဲ့ 3G ကွန်ရက်အသုံးပြုနိုင်တဲ့နေရာ ခြောက်မြို့နယ်ရှိပါတယ်။ အရင်ကဆိုရင်တော့ Dual Mode ဖုန်းတွေဟာ အဲဒီနေရာတွေကိုရောက်နေခဲ့ရင် ဖုန်းခေါ်ရတာ ခက်ခဲမှုတွေ ရှိနေပါတယ်။ ဖုန်းခေါ်လို့မရတော့ပဲ Error ဖြစ်နေတက်ပါတယ်။ Nokia ရဲ့ N Series တွေဖြစ်တဲ့ N70, N73, 95 အစရှိတဲ့ N Series ဖုန်းတွေနဲ့ Nokia E Series ဖုန်းတွေမှာ 3G Network ထဲကိုရောက်သွားရင် အဲလိုဖြစ်တက်ပါတယ်။ Sony Ericsson တွေမှာဆိုရင်တော့ W595, W880 အစရှိတဲ့ ဖုန်းတွေနဲ့ K800, K770, K850 အစရှိတဲ့ဖုန်းတွေမှာ ဖြစ်တက်ပါတယ်။ အဲဒါကတော့ ဖုန်းရဲ့ကွန်ရက်နဲ့ လိုင်းကွန်ရက် မကိုက်ညီတဲ့အတွက်ကြောင့်ဖြစ်ရတာပါ။ ဘာကြောင့်လဲဆိုတော့ GSM တွေက 2G တွေပါ။ WCDMA ကတော့ 3G ပါ။ အဲလိုအချိန်မှာ GSM 2G ဖုန်းတွေဟာ 3G Network ထဲကိုရောက်သွားတဲ့အချိန်မှာ 2G ဖုန်းတွေဟာ ဖုန်းခေါ်လို့မရတော့ပါဘူး။ GSM ကလိုင်းဆွဲအားက ၉၀၀ ပါ။ WCDMA ကတော့ လိုင်းဆွဲအားက 1800/1900 ဖြစ်နေတဲ့အတွက် WCDMA Network ထဲမှာဆိုရင် လိုင်းကဆွဲအားမြင့်တဲ့လိုင်းကိုပဲ ဆွဲလိုက်တာဖြစ်တဲ့အတွက် အဲလိုအခက်အခဲမျိုးတွေဖြစ်ရတာပါ။ နောက်တစ်ခုကတော့ ဖုန်းထဲမှာလိုင်းကို GSM မှာပဲမထားပဲ Dual Mode မှာထားတဲ့အတွက် အဲလိုဖြစ်နေရတာပါ။ GSM Only ပြောင်းလိုက်ရင်ပြန်ရပါတယ်” ဟု လူကြီးမင်းမိုဘိုင်းဖုန်းအရောင်းဆိုင်မှတာဝန်ရှိသူ ကိုကိုအောင်မှပြောပြသည်။
ယခုအခါတွင် မြန်မာ့ဆက်သွယ်ရေးမှ ယင်းကဲ့သို့အခက်အခဲများ မဖြစ်ပွားစေရန်အတွက် 2G Network နှင့် 3G Network နှစ်ခုစလုံးအားပေါင်းပေးထားပြီး 3G Network အတွင်းတွင် ဖုန်းများအားလုံး အသုံးပြုနိုင်တော့မည်ဖြစ် ကြောင်းသိရသည်။ ထို့ကြောင့် ယခင်ကအသုံးပြုရန်ခက်ခဲခဲ့သော Dual Mode ဖုန်းများကိုလည်း ယခုအခါပြန်လည်အသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။ 

Ref:credit:myanmarinternetjournal.com


No comments:

Post a Comment

သူငယ်ချင်းတို့....အမြင်လေးတွေရေးပေးခဲ့ပါ။