ယခုဘလော့ဂ်အား (ဝေဖန်ချက် ၊ ထင်မြင်ချက်) သတင်း၊ ဆောင်းပါး၊ ဓါတ်ပုံ၊ ကဗျာများပေးပို့လိုပါက ဆက်သွယ်ရန်လိပ်စာ lion.nnt@gmail.com,cherrylandlay@gmail.com, Phone: 09428363601 ပေးပို့သူများကိုလည်း အထူးပဲကျေးဇူးတင်ရှိပါတယ်။

Sunday 25 August 2013

LG Optimus G Pro ကို မြန်မာနိုင်ငံတွင် အလုံးရေ ၅၀၀ ရောင်းချသွားမည်

Photo: LG Optimus G Pro ကို မြန်မာနိုင်ငံတွင် အလုံးရေ ၅၀၀ ရောင်းချသွားမည်

LG ကုမ္ပဏီမှ ထုတ်လုပ်လိုက်သည့် LG Optimus G Pro ကို သြဂုတ်လ ၁၀ ရက်နေ့တွင် မြန်မာနိုင်ငံ၌ စတင် ရောင်းချခဲ့ပြီး ၎င်းသည် Phablet အမျိုးအစား ဖြစ်ကာ ဖုန်းနှင့် Tablet နှစ်မျိုးလုံးကို အသုံးပြုရန်အတွက် အဆင်ပြေစေရန် ရည်ရွယ်၍ ထုတ်လုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ LG Optimus G Pro ကို ၂၀၁၃ ခုနှစ်၊ နှစ်ဆန်းပိုင်းတွင် တောင်ကိုရီးယားနိုင်ငံတွင် စတင်မိတ်ဆက်ခဲ့ပြီး၊ အာရှတိုက်ရှိ ဖုန်းဈေးကွက်များ အတွင်းသို့ ဖြန့်ချိခဲ့ရာ ဇွန်လ၌ ဟောင်ကောင်တွင် ရောင်းချခဲ့ကာ ထိုင်ဝမ်၊ စင်ကာပူ၊ ထိုင်း၊ အိန္ဒိယ၊ ဖိလစ်ပိုင်၊ ဗီယက်နမ်နှင့် မလေးရှားဈေးကွက်များ အတွင်းတွင်လည်း ရောင်းချလျက် ရှိနေပြီ ဖြစ်သည်။ ယခုအခါ မြန်မာနိုင်ငံတွင် စတင် ရောင်းချလျက်ရှိပြီး ဈေးကွက်အတွင်းရှိ ဖုန်းဆိုင်များတွင် ၆၂၉၀၀၀ ကျပ်ဖြင့် ဝယ်ယူနိုင်မည် ဖြစ်သည်။
“LG Optimus G Pro က ဖုန်းနဲ့ Tablet နှစ်မျိုးလုံး အသုံးပြုလိုသူများအတွက် ရည်ရွယ်ပြီး 5.5″ အရွယ်ရှိတဲ့ Full HD Display ကို အသုံးပြုထားပါတယ်။ ယနေ့ခေတ် နည်းပညာ ရေစီးကြောင်းကို ဦးဆောင်နေတာက အာရှတိုက်က သုံးစွဲသူတွေပါ။ LG ရဲ့ Optimus G Pro ကို အာရှဈေးကွက် အတွင်းမှာ အောင်မြင်နိုင်လိမ့်မယ်ဟု ယုံကြည်ပါတယ်” ဟု LG Electromics Mobile Communication ကုမ္ပဏီ၏ ဥက္ကဋ္ဌနှင့် CEO ဖြစ်သူ Dr.Jong-seok Park က ပြောသည်။ LG Optimus G Pro တွင် အလွန်မြန်ဆန်သည့် 1.7 GHz Quad-Core CPU နှင့် Andreno 320 GPU ပါဝင်သော Qualcomm Snapdragon 600 processor တပ်ဆင်ထားပြီး 3140 mAh Battery, 2GB RAM, Resolution 1920×1080 pixel at 400 ppi ပေးစွမ်းနိုင်သော 5.5 inches 1080 p Full HD IPS Display နှင့်အတူ ကြည်လင် ပြတ်သားသော razor sharp ပုံရိပ်များကို ပေးစွမ်းနိုင်ပြီး စွမ်းရည်မြင့်မားသော Hardware Feature များနှင့်အတူ ထူးခြားသော UX features များ ပါဝင်ကြောင်း သိရသည်။
Ref & Credit: Mobile Guide Journal

No comments:

Post a Comment

သူငယ်ချင်းတို့....အမြင်လေးတွေရေးပေးခဲ့ပါ။