သမဝါယမ ဝန်ကြီးဌာန အနေနဲ့ တရုတ်နိုင်ငံဆီကနေ အမေရိကန် ဒေါ်လာသန်း ၁၀၀ 
ချေးယူပြီး ပြည်တွင်းမှာ အသေးစားချေးငွေ လုပ်ငန်းတွေ လုပ်ကိုင်မယ့် 
အစီအစဉ်ကို ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် တွေက ကန့်ကွက်ခဲ့တယ်လို့ 
သိရပါတယ်။
တရုတ်နိုင်ငံဆီကနေ အတိုးနှုန်း ၄.၅ ရာခိုင်နှုန်း၊ 
ဝန်ဆောင်မှု ၁ ရာခိုင်နှုန်းနဲ့ ဒေါ်လာ သန်း ၁၀၀ ချေးယူပြီး ဆင်းရဲမွဲတွေမှု 
ပပျောက်ရေးအတွက် ငွေချေးလုပ်ငန်းတွေ လုပ်ဆောင်မယ့် အစီအစဉ်အပေါ် ကန့်ကွက်တာ 
ဖြစ်တဲ့အကြောင်း လှည်းကူးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် 
ဦးဖြိုးမင်းသိန်းက ယခုလိုပြောပါတယ်။
“အဲဒီရတဲ့ငွေကို သမဝါယမ 
ဝန်ကြီးဌာနကနေ အသုံးပြုမယ်ဆိုတော့ အစ်ကိုတို့က တော်တော်ကို စိတ်ပူပါတယ်။ 
သမဝါယမ ဝန်ကြီးဌာနက ဘယ်တော့မှ မအောင်မြင်ခဲ့ပါဘူး။ ပြည်သူလူထု 
ဘဝမြှင့်တင်ဖို့ ဆင်ရဲမွဲတွေမှု ပပျောက်ဖို့ ချေးငွေတွေ တစ်သိန်း လောက်စီ 
ချေးပေမယ်ဆိုတဲ့ အခြေအနေတွေက ဝမ်းသာစရာကောင်းပါတယ်။ ဒါပေမယ့် တစ်ကယ်လက်တွေ့
 ဆောင်ရွက်ပြီး ပုံဖော်မယ့် Performance လုပ်မယ့် ဝန်ကြီးဌာနအပေါ်မှာ 
အစ်ကိုတို့က သံသယ ရှိတယ်”
၎.၅ ရာခိုင်နှုန်းနဲ့ 
အတိုးနှုန်းပေးရမယ်ဆိုတာကလည်း မြင့်မားလွန်းနေပြီး တစ်ခြားနိုင်ငံတွေရဲ့ 
ချေးငွေ အကူအညီဟာ အတိုးနှုန်းထား ၁ ရာခိုင်နှုန်းရဲ့ 
အောက်မှာပဲရှိတယ်လို့လည်း ဆိုပါတယ်။
ပြည်တွင်း 
အသေးစားချေးငွေလုပ်ငန်းအတွက် ဝန်ကြီးဌာန ဆောင်ရွက်ရမယ့် အပိုင်းတွေကို 
အောက်တိုဘာလအတွင်း ပြုလုပ်မယ့် လွှတ်တော်မှာ ထပ်မံ 
ဆွေးနွေးသွားဖို့ရှိတဲ့အကြောင်း ဦးဖြိုးမင်းသိန်းက ပြောပြခဲ့တယ်လို့ 
ရေဒီယိုသြစတြေးလျ သတင်းထောက် စူးရှက သတင်းပေးပို့ခဲ့ပါတယ်။
ABC Radio Australia
 
 
No comments:
Post a Comment
သူငယ်ချင်းတို့....အမြင်လေးတွေရေးပေးခဲ့ပါ။