ယခုဘလော့ဂ်အား (ဝေဖန်ချက် ၊ ထင်မြင်ချက်) သတင်း၊ ဆောင်းပါး၊ ဓါတ်ပုံ၊ ကဗျာများပေးပို့လိုပါက ဆက်သွယ်ရန်လိပ်စာ lion.nnt@gmail.com,cherrylandlay@gmail.com, Phone: 09428363601 ပေးပို့သူများကိုလည်း အထူးပဲကျေးဇူးတင်ရှိပါတယ်။

Wednesday 21 August 2013

How to Reset / Remove / Bypass a BIOS or CMOS Password

BIOS or CMOS Password တွေကို Reset / Remove / Bypass လုပ်ရမည့်နည်းတွေရေးပြမလို့။
BIOS or CMOS Password ဆိုတာ ကွန်ပျူတာရဲ့ လုံခြုံရေးပိုင်း၊ system ပိုင်းကို ကာကွယ်တဲ့အနေနဲ့အသုံးပြု တဲ့ Tool တစ်ခုပါ။ တစ်နည်းအားဖြင့် BIOS Setting ဒါမှမဟုတ် Boot Setting ကို တစ်စုံတစယောက်က ၀င် ရောက်မပြင်နိုင်အောင် ကာကွယ်တဲ့အနေနဲ့ BIOS or CMOS Password ကိုအသုံးပြုကြပါတယ်။ အဲဒီကာကွယ် ထားတဲ့ BIOS or CMOS Password ကို ဖြုတ်ချင်၊ ဖျက်ချင်တယ်ဆိုရင် ပြုလုပ်ရမည့်နည်းလမ်းတွေကို ကျနော် ပြောပြပါ့မယ်။ အောက်ပါနည်းလမ်း (၅)မျိုးတွင် တစ်မျိုးမျိုးနဲ့ BIOS or CMOS Password ကို ဖြုတ်လို့ရပါတယ်။

• By removing CMOS battery = CMOS battery ကို ဖြုတ်ပြီး ပတ်စ်ဝါဒ်ကို Reset / Remove / Bypass ပြုလုပ်ခြင်း
• By using motherboard jumper = motherboard jumper ကိုဖြုတ်ပြီး Reset / Remove / Bypass ပြုလုပ်ခြင်း
• By using MS DOS command = MS DOS command ကိုအသုံးပြုပြီး ပတ်စ်ဝါဒ်ကို Reset / Remove / Bypass ပြုလုပ်ခြင်း
• By using software = ဆော့ဝဲတစ်ခုခုကိုအသုံးပြုပြီး ပတ်စ်ဝါဒ်ကို Reset / Remove / Bypass ပြုလုပ်ခြင်း
• By using Backdoor BIOS password = ကုမ္ပဏီကပေးထားတဲ့ ပတ်စ်ဝါဒ်နဲ့အစားထိုးပြီး ပတ်စ်ဝါဒ်ကို Reset / Remove / Bypass ပြုလုပ်ခြင်း

ဆိုပြီး အထက်ပါနည်း (၅)မျိုးဖြင့် BIOS or CMOS Password ကို ဖျက်နိုင်ပါတယ်။ အထက်ပါအချက်တွေ ကိုဝင်ရောက်ပြင်ဆင်မယ်ဆိုရင် Hardware အပိုင်း၊ ကွန်ပျူတာအပိုင်းမှာရင်းနှီးကျွမ်းကျင်မှုရှိတဲ့ပုဂ္ဂိုလ်များ ကိုသာလုပ်ဆောင်စေချင်တယ်။ အဲဒီနည်း (၅)မျိုးနဲ့ ပတ်စ်ဝါဒ်ဖြုတ်ပုံကိုထပ်ပြီးရှင်းပြပါ့မယ်။

By removing CMOS battery = CMOS battery ကို ဖြုတ်ပြီး ပတ်စ်ဝါဒ်ကို Reset / Remove / Bypass ပြုလုပ်ခြင်း


Mother Board တိုင်းမှာ CMOS Battery ဆိုတာပါရှိပါတယ်။ အဲဒီဘက်ထရီနဲ့ BIOS Setting ရဲ့ ပတ်စ်ဝါဒ်တွေ ကိုဖြုတ်ပစ်လို့ရပါတယ်။ BIOS ပတ်စ်ဝါဒ်ကိုဖြုတ်ချင်ရင် CMOS Battery ကိုဖြုတ်ပြီး (၁၅) မိနစ်၊ မိန်စ် (၃၀) လောက်ထားလိုက်။ (၁၅) မိနစ်၊ မိန်စ် (၃၀) ရှိရင် ၎င်းဘက်ထရီကိုပြန်တပ်လိုက်ပါ။ ပြီးတော့ BIOS ထဲကိုပြန် ၀င်ပြီး BIOS ကို Reset ပြန်လုပ်လိုက်ရင် အဆင်ပြေသွားနိုင်ပါတယ်။

By using motherboard jumper = motherboard jumper ကိုဖြုတ်ပြီး ပတ်စ်ဝါဒ်ကို Reset / Remove / Bypass ပြုလုပ်ခြင်း

jumper
တည်ရှိတဲ့နေရာပုံ (mother board ပေါ်မူတည်ပြီး တည်နေရာကွဲပြားနိုင်သည်)

Mother Board တိုင်းမှာ jumper ဆိုတာပါပါတယ်။ အဲဒီ jumper နဲ့ CMOS Setting ၊ BIOS Password တွေ ကို ရှင်းထုတ်ပေးနိုင်ပါတယ်။ jumper ရဲ့ တည်ရှိပုံဟာလည်း Mother Board အမျိုးအစားမူတည်ပြီးကွဲပြား တတ်ပါတယ်။ အကောင်းဆုံးကတော့ Mother Board ရဲ့ Manual ကိုဖတ်ကြည့်ရင် jumper တည်ရှိတဲ့နေ ရာလွယ်ကူစွာသိနိုင်ပါလိမ့်မယ်။ Manual မရှိခဲ့ရင် အနီးစပ်ဆုံးသိနိုင်ဖို့ရန်မှာ CMOS Battery နားတွင် CLR, CLEAR, CLEAR CMOS စတဲ့နာမည်နဲ့ဖေါ်ပြလေ့ရှိပါတယ်။ အဲဒါတွေကို jumper လို့သိရပါလိမ့်မယ်။

jumper တွင် pin (၃)ခုရှိတယ်။ center pin (အယ်ဗဟိုပင်)၊ left pin (ဘယ်ဖက်ပင်)၊ right pin ညာဖက်ပင် ဆိုပြီး pin (၃)ခုရှိပါတယ်။ အဲဒါဆိုဘယ် pin ကိုဖြုတ်ရမလဲ။ center pin နဲ့ မျက်နှာချင်းဆိုင်ဆက်သွယ်ထားတဲ့ left pin (ဘယ်ဖက်ပင်)ကို ဖြုတ်လိုက်ပါ။ center pin ကို ဆက်သွယ်ပေးတဲ့ right pin ညာဖက်ပင်ကိုတော့ ထားခဲ့လိုက်ပါ။ စက္ကန့်အနည်းငယ်ဖြုတ်ထားပြီးရင် ၎င်းကိုပြန်တပ်ထားလိုက်ပါ။ ခဏလောက်ကြာရင် စက်ကို ပြန်ဖွင့်ပြီး jumper တွေကိုစနစ်တကျစစ်ဆေးလိုက်ရုံပါပဲ။

By using MS DOS command = MS DOS command ကိုအသုံးပြုပြီး ပတ်စ်ဝါဒ်ကို Reset / Remove / Bypass ပြုလုပ်ခြင်း

ဒီနည်းကတော့ MS DOS command ကိုအသုံးပြုပြီး BIOS or CMOS Password ဖြုတ်တဲ့နည်းပါ။ အဲဒါဆို မိမိ စက်ကိုဖွင့်လိုက်ပါ။ ပြီးတော့ Command Prompt ကိုဖွင့်လိုက်ပါ (Window + R > cmd) ။ အောက်ပါ command တွေကို တစ်ခုဆီသာရိုက်ထည့်ပါ။
debug
o 70 2E
o 71 FF
quit

Command လိုင်းထဲက o သည် ကီးဘုတ်ပေါ်က English alphabet "o" ဖြစ်ပါတယ်။ သင်္ချာနံပါတ် "0" မဟုတ် ပါ။
အထက်ပါ Command တွေရဲ့ access ကတော့ …
MS DOS (Microsoft Disk Operating System) မှာ Debug Command ကိုအသုံးပြုမည့်သဘောပေါ့ဗျာ။
"o" သည် IO ports တွေရဲ့ values Output ဖြစ်ပါတယ်။
“70” နဲ့ “71” နံပါတ်တို့သည် CMOS memory ကိုဆက်သွယ်ပေးနိုင်တဲ့ သင်္ချာဂဏန်းတွေဖြစ်ပါတယ်။
“FF” သည် CMOS settings နဲ့ BIOS password တွေကို reset ပြန်လုပ်ပေးနိုင်တဲ့ value ပါပဲ။

By using software = ဆော့ဝဲတစ်ခုခုကိုအသုံးပြုပြီး ပတ်စ်ဝါဒ်ကို Reset / Remove / Bypass ပြုလုပ်ခြင်း

ဒီနည်းကတော့ ဆော့ဝဲတွေကိုအသုံးပြုပြီး CMOS settings or BIOS password ဖြုတ်တဲ့နည်းပါ။ အောက်ပါ BIOS or CMOS Password ဆော့ဝဲနှစ်မျိုးပေးလိုက်မယ်။ ဒေါင်းပြီး အဲဒီဆော့ဝဲတွေနဲ့ ပတ်စ်ဝါဒ်တွေကိုဖြုတ် ကြည့်ပါ။ ကျနော်ကတော့ အဲဒီဆော့ဝဲတွေကိုမစမ်းဖူးသေးပါဘူး။ စမ်းနိုင်အောင်တင်ပေးလိုက်တယ်။

Download Software:
CmosPwd
KillCMOS

By using Backdoor BIOS password = BIOS manufacturer ကပေးထားတဲ့ ပတ်စ်ဝါဒ်နဲ့အစားထိုးပြီး ပတ်စ်ဝါဒ်ကို Reset / Remove / Bypass ပြုလုပ်ခြင်း

တစ်ချို့ BIOS manufacturer တွေဟာ BIOS password တွေကို Reset ပြန်ပြင်နိုင်အောင် backdoor password ဆိုပြီးထုတ်ပေးထားတာရှိပါတယ်။ အဲဒီ backdoor password တွေကိုအသုံးပြုပြီး လိုအပ်တဲ့ BIOS password နဲ့ချိန်ကြည့်ပါ။ အဆင်ပြေနိုင်တာတွေရှိတတ်ပါတယ်။ ကျနော် BIOS manufacturer အလိုက် ပတ်စ် ၀ါဒ်တွေတင်ပေးလိုက်မယ်။

AMI BIOS Passwords:
A.M.I.
AAAMMMIII
AMI?SW
AMI_SW
AMI
BIOS
CONDO
HEWITT RAND
LKWPETER
MI
Oder
PASSWORD

AWARD BIOS Passwords:
01322222
589589
589721
595595
598598
ALFAROME
ALLy
aLLy
aLLY
ALLY
aPAf
_award
award
AWARD_SW
AWARD?SW
AWARD SW
AWARD PW
AWKWARD
awkward

BIOSTAR
CONCAT
CONDO
Condo
d8on
djonet
HLT
J64
J256
J262
j332
j322
KDD
Lkwpeter
LKWPETER
PINT
pint
SER
SKY_FOX
SYXZ
syxz
shift + syxz
TTPTHA
ZAAADA
ZBAAACA
ZJAAADC

PHOENIX BIOS Passwords:
BIOS
CMOS
phoenix
PHOENIX

Misc Common Passwords:
ALFAROME
BIOSTAR
biostar
biosstar
CMOS
cmos
LKWPETER
lkwpeter
setup
SETUP
Syxz
Wodj

Other Manufacturer BIOS Passwords:
Biostar - Biostar
Compaq - Compaq
Dell - Dell
Enox - xo11nE
Epox - central
Freetech - Posterie
IWill - iwill
Jetway - spooml
Packard Bell - bell9
QDI - QDI
Siemens - SKY_FOX
TMC - BIGO
Toshiba - Toshiba
VOBIS & IBM - merlin

အဆင်ပြေပါစေ...

No comments:

Post a Comment

သူငယ်ချင်းတို့....အမြင်လေးတွေရေးပေးခဲ့ပါ။