ယခုဘလော့ဂ်အား (ဝေဖန်ချက် ၊ ထင်မြင်ချက်) သတင်း၊ ဆောင်းပါး၊ ဓါတ်ပုံ၊ ကဗျာများပေးပို့လိုပါက ဆက်သွယ်ရန်လိပ်စာ lion.nnt@gmail.com,cherrylandlay@gmail.com, Phone: 09428363601 ပေးပို့သူများကိုလည်း အထူးပဲကျေးဇူးတင်ရှိပါတယ်။

Friday 4 January 2013

United Myanmar Group World Co,LTD မှ Myat Shopping Centre ဖွင့်ပွဲ




၎.၁.၂၀၁၃ ရက်နေ့ (65)ကြိမ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသေားအားဖြင့် ပေါင်းစည်းမြန်မာ အစုအဖွဲ့ ကမ္ဘာ့ကုမ္ပဏီလီမိတက် (United Myanmar Group World Co,LTD) မှ Myat Shopping Centre ဖွင့်ပွဲအခမ်းအနားကို တောင်ကြီးမြို့၊မြို့မဈေး အပေါ်ထပ် အပိုင်း(၄)တွင် ကျင်းပခဲ့ရာ နံနက်(၉:၀၀) အချိန်တွင် ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီးဌာန ဦးတူးမောင်နှင့် ကုမ္ပဏီအုပ်ချူပ်မှုဒါရိုက်တာ ဦးဝင်းနောင် တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး၊ရှမ်းပြည်နယ်အစိုးရအဖွဲ့ ၀န်ကြီးချူပ် ဦးစ၀်အောင်မြတ်မှ Myat Shopping Centre ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးခဲ့ပါသည်။
ဆက်လက်ပြီး ရှင်းလင်းဆောင်တွင် ရှင်းပြည်နယ်ဝန်ကြီးချူပ်နှင့် အစိုးရအဖွဲ့ဝင်တို့အား စည်ပင်သာယာရေးအမှုဆောင်အရာရှိ ဦးမောင်မောင်ဝင်းမှ တောင်ကြီးမြို့ မြို့မဈေးကြီး အပိုင်း(၄) အပေါ်ထပ် ဒုတိယထပ်တွင် ဆောင်ရွက်ခွင့်ပြုခဲ့မှု အခြေအနေအား ရှင်းလင်းဖော်ပြပြီး ပေါင်းစည်းမြန်မာအစုအဖွဲ့ ကမ္ဘာ့ကုမ္ပဏီလီမိတက် အုပ်ချူပ်မှုဒါရိုက်တာ ဦးစိုင်းလုံကျော်မှ Myat Shopping Centre လုပ်ငန်းဆောင်ရွက်ခဲ့မှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး အကြီးအကဲများအား အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ပြီး ပြည်နယ်ဝန်ကြီးချူပ်နှင့် ဧည့်သည်တော်များ Myat Shopping Centre အတွင်း လှည့်လည်ကြည့်ရှု့ခဲ့ကြကြောင်း သတင်းရရှိပါသည်။

No comments:

Post a Comment

သူငယ်ချင်းတို့....အမြင်လေးတွေရေးပေးခဲ့ပါ။