ယခုဘလော့ဂ်အား (ဝေဖန်ချက် ၊ ထင်မြင်ချက်) သတင်း၊ ဆောင်းပါး၊ ဓါတ်ပုံ၊ ကဗျာများပေးပို့လိုပါက ဆက်သွယ်ရန်လိပ်စာ lion.nnt@gmail.com,cherrylandlay@gmail.com, Phone: 09428363601 ပေးပို့သူများကိုလည်း အထူးပဲကျေးဇူးတင်ရှိပါတယ်။

Sunday 13 January 2013

အလုပ်ရုံဆွေးနွေးပွဲကျင်းပခြင်း








13.1.2013 ရက်နေ့ နံနက်(9:00)နာရီအတိအချိန်မှာ တောင်ကြီးမြို့တော်ခန်းမတွင် ရှမ်းပြည်နယ် စီးပွားဖြစ်ထုတ်ကုန်လုပ်ငန်းများ ထူထောင်၍ ဒေသခံပြည်သူများ၏အလုပ်အကိုင်နှင့် အခွင့်အလန်းများ၊လူမှုစီးပွားရေးအခြေအနေများ တိုးတက်အကောင်အထည်ဖော်ရေးအလုပ်ရုံဆွေးနွေးပွဲကို နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ ၀န်ကြီးချူပ်ဦးစ၀်အောင်မြတ်နှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်များ ပြည်နယ်၊ခရိုင်အဆင့် ဌာနဆိုင်ရာများ ရှမ်းပြည်နယ်အတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များ အသင်းအဖွဲ့ဝင်များ စုစုပေါင်းအင်အား(327)ဦး တက်ရောက်ကြပါသည်။ အလုပ်ရုံဆွေးနွေးပွဲတွင် နိုင်ငံတောင်သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်းမှ လုပ်ငန်းရည်ရွယ်ချက်နှင့် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ ပြည်ထောင်စုအစိုးရအဖွဲ့နှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့မှ ဆောင်ရွက်နေသည့် လုပ်ငန်းအခြေအနေများကို ရှင်းလင်းဆွေးနွေးခြင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ ၀န်ကြီးချူပ်ဦးစ၀်အောင်မြတ်မှ ရှမ်းပြည်နယ်အတွင်းရှိ စက်မှုလက်မှုလုပ်ငန်းအခြေအနေများကို ရှင်းလင်းဆွေးနွေးကြပြီး အပြန်အလှန်အားဖြင့် အလုပ်ရုံးဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ခရိုင်အထွေထွေအုပ်ချူပ်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှုးများက ဒေသအတွင်း လုပ်ငန်းဆောင်ရွက်နေမှုများကို ပြန်လည်ဆွေးနွေးခြင်းနှင့် စီးပွားရေးလုပ်ငန်းရှင်များမှ လုပ်ငန်းလိုအပ်ချက် ဒေသအတွင်း လုပ်ငန်းဆောင်ရွက်မှုအခက်အခဲများကို ပြန်လည်ဆွေးနွေးကြရာ လုပ်ငန်းလိုအပ်ချက်အလိုက် ဌာနဆိုင်ရာနှင့် ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်းတို့မှ ပြန်လည်ရှင်းလင်းဆွေးနွေးကြပြီး အလုပ်ရုံဆွေးနွေးပွဲကို ညနေ(4)တွင် ပြီးစီးကြောင်းသတင်းရရှိပါသည်။

No comments:

Post a Comment

သူငယ်ချင်းတို့....အမြင်လေးတွေရေးပေးခဲ့ပါ။