ယခုဘလော့ဂ်အား (ဝေဖန်ချက် ၊ ထင်မြင်ချက်) သတင်း၊ ဆောင်းပါး၊ ဓါတ်ပုံ၊ ကဗျာများပေးပို့လိုပါက ဆက်သွယ်ရန်လိပ်စာ lion.nnt@gmail.com,cherrylandlay@gmail.com, Phone: 09428363601 ပေးပို့သူများကိုလည်း အထူးပဲကျေးဇူးတင်ရှိပါတယ်။

Sunday 27 January 2013

MAS(Mobile Alarm System) apk

Android ဖုန်းများအတွက် MAS(Mobile Alarm System) apk လေးတစ်ခုဖြစ်ပါတယ်။ မိမိဖုန်းကို တစ်ခြားနေရာမှာကျန်နေခဲ့လို့ဖြစ်စေ ကိုယ့်ဖုန်းကို တစ်ခြားသူကိုင်တာမျိုးမကြိုက်သူတွေအတွက် ဒီ MAS လေးနဲ့ပြုလုပ်နိုင်ပါတယ်။
MAS မှာလုပ်ဆောင်နိုင်တာလေးတွေကတော့ ကိုယ့်ဖုန်းကို လက်ရှိနေရာကနေ ရွေ့သွားလျှင် Alarm ထမြည်လာပါမယ်။ 
Proximity Sensor ကိုအသုံးပြုထား၍ ဖုန်းရဲ့မျက်နှာပြင်ကိုထိလိုက်တာနဲ့ ဖုန်းက Alarm ထမြည်လာခြင်း။
ဖုန်းကို အားသွင်းထားခြင်း ကွန်ပျူတာဖြင့်ချိတ်ဆက်ထားခြင်းပြုလုပ်ထားချိန်တွင် တစ်စုံတစ်ယောက်က ဆွဲဖြုတ်လိုက်ပါက Alarm ထမြည်ပါမည်။
ဖုန်းမှာပါတဲ့ Camera ကို ဆော့ဝဲက auto အသုံးပြုပြီး ဖုန်းရှေ့မှာလှုပ်ရှားမှုကိုမြင်တာနဲ့ Alarm ကထမြည်ပြီး လှုပ်ရှားမှုများကို ဓါတ်ပုံရိုက်ယူထားနိုင်ခြင်းများစတဲ့ Features များပါဝင်ပါတယ် အတော်လေးလန်းတဲ့ App လေးဖြစ်ပါတယ်။ ဒီထက်မက လေ့လာချင်သူများ မူရင်း ဆိုဒ် တွင်သွားရောက် လေ့လာနိုင်ပါတယ်ခင်ဗျာ။  


No comments:

Post a Comment

သူငယ်ချင်းတို့....အမြင်လေးတွေရေးပေးခဲ့ပါ။