ယခုဘလော့ဂ်အား (ဝေဖန်ချက် ၊ ထင်မြင်ချက်) သတင်း၊ ဆောင်းပါး၊ ဓါတ်ပုံ၊ ကဗျာများပေးပို့လိုပါက ဆက်သွယ်ရန်လိပ်စာ lion.nnt@gmail.com,cherrylandlay@gmail.com, Phone: 09428363601 ပေးပို့သူများကိုလည်း အထူးပဲကျေးဇူးတင်ရှိပါတယ်။

Monday 14 January 2013

နိုင်ငံသားစီစစ်ရေးကတ်ပြားပေးအပ်ခြင်း





တောင်ကြီးမြို့နယ် သံတဲကျေးရွာအုပ်စု သံတဲကျေးရွာတွင် 14.1.2013 ရက်နေ့ အမှတ်(16)အခြေခံပညာအထက်တန်းကျောင်းအစည်းအဝေးခန်းမ၌ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဦးခွန်သိန်းမောင်၊လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုင်းထွန်းရင်၊လူဝန်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှုး ဦးနေ၀င်း၊ခရိုင်မြို့နယ်မှဦးစီးမှုးများနှင့်ဝန်ထမ်းများ ပြည်ခိုင်ဖြိုးပါတီမှ ပြည်နယ်ပါတီကော်မတီဝင်များ ခရိုင်ပါတီ ဥက္ကဌ မြို့နယ်ပါတီဥက္ကဌနှင့် ရပ်မိရပ်ဖများ စုစုပေါင်းအင်အား (100)ဦးတက်ရောက်ကြပါသည်။
အခန်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့တွင် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီး ဦးခွန်သိန်းမောင်မှ အဖွင့်အမှာစကားပြောကြားပြီး၊ဒုတိယညွှန်ကြားရေးမှုးဦးနေ၀င်းမှ မိုးပွင့်အဆင့်(4) နိုင်ငံသားစီစစ်ရေးကတ်ပြား ပြုလုပ်ပေးရခြင်း၏ လုပ်ငန်းရည်ရွယ်ချက်နှင့် နိုင်ငံသားစီစစ်ရေးကတ်ပြား၏ အရေးပါမှု၊ထိန်းသိမ်းစောင့်ရှောက်ရန်တို့ကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် နိုင်ငံသားစီစစ်ရေးကတ်ပြားများကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်
လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး၊ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီး၊ဒုတိယညွှန်ကြားရေးမှုးဦးနေ၀င်းတို့မှ နိုင်ငံသားစီစစ်ရေးကတ်ပြားများကို ပေးအပ်ကြပါသည်။ ယနေ့ပြုလုပ်ပေးသော နိုင်ငံသားစီစစ်ရေးကတ်ပြားမှာ(416)ဦး ဖြစ်ပါသည်။ အခန်းအနားအပြီးတွင် လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး ဦးစိုင်းထွန်းရင်မှ အမှတ်(16) အခြေခံပညာအထက်တန်းကျောင်းအတွက် ကွန်ပျူတာ တစ်စုံကိုပေးအပ်လှုဒါန်းရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်သင်းသင်းနွဲ့မှ လက်ခံရယူကြောင်း သတင်းရရှိပါသည်။

No comments:

Post a Comment

သူငယ်ချင်းတို့....အမြင်လေးတွေရေးပေးခဲ့ပါ။