ယခုဘလော့ဂ်အား (ဝေဖန်ချက် ၊ ထင်မြင်ချက်) သတင်း၊ ဆောင်းပါး၊ ဓါတ်ပုံ၊ ကဗျာများပေးပို့လိုပါက ဆက်သွယ်ရန်လိပ်စာ lion.nnt@gmail.com,cherrylandlay@gmail.com, Phone: 09428363601 ပေးပို့သူများကိုလည်း အထူးပဲကျေးဇူးတင်ရှိပါတယ်။

Thursday 17 January 2013

စေတနာ(အခမဲ့)တက္ကသိုလ်ဝင်တန်း သင်ထောက်ကူသင်တန်းဖွင့်လှစ်ခြင်း



တောင်ကြီးမြို့ မြို့မ ရပ်ကွက်တွင်းရှိ အ.မ.က(8)မူလွန်ကျောင်းတွင် ပြည်ခိုင်ဖြိုးပါတီမှ ဦးဆောင်မှုဖြင့် 2012/2013 ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုမည့် ကျောင်းသူကျောင်းသားများအတွက် အထောက်အကူဖြစ်စေရန် ရည်ရွယ်ပြီး ဖွင့်လှစ်သင်ကြားခြင်းဖြစ်ပါသည်။
10.12.2012 ရက်နေ့ ညနေ(6)နာရီအချိန်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဦးခွန်သိန်းမောင်မှ သင်တန်းကိုဖွင့်လှစ်ပေးပြီး အလှုငွေ တစ်သိန်းကျပ်ကို သင်တန်းတာဝန်ရှိသူထံ ပေးအပ်လှုဒါန်းခဲ့ပါသည်။ ပညာဒါနပြုပေးကြသော ဆရာ၊ဆရာမများမှာ မြန်မာဘာသာ ဒေါ်မေစီ၊ အင်္ဂလိပ်ဘာသာ ဦးခင်မောင်လွင်၊သင်္ချာဘာသာ ဦးကိုကိုဦး၊ဦးဇာဏီ၊ ဓာတုဗေဒဘာသာ ဒေါ်ညီမ၊ ရူပဗေဒဘာသာ ဦးနှင်းထွေးအောင်၊ဇီဝဗေဒဘာသာ ဒေါ်သူဇာ၊ဒေါ်မိမိမော် ၊ဘောဂဗေဒဘာသာ ဦးကျော်ဝင်း၊ဒေါ်စန်းသီတာ သင်ကြီးပြီး လက်ထောက်အကူများဖြင့် ယခင် ထိုသင်တန်းမှ တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့ကြသည့် ကျောင်းသူ၊ ကျောင်းသားဟောင်းများမှ တာဝန်ယူဆောင်ရွက်ကြပါသည်။ သင်တန်းအား တာဝန်ယူကြီးကြပ်ဦးစီးပေးသူမှာ မြို့မရပ်ကွက် ရပ်မိရပ်ဖ ဦးစိုးလှိုင်ဖြစ်ပြီး သင်တန်းအတွက် လိုအပ်သောစာရွက်စာတမ်းနှင့် စည်းကမ်းပိုင်းများကို ဆရာဦးခင်မောင်လွင်မှတာဝန်ယူဆာင်ရွက်ပါသည်။ ယခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲဝင်ရောက်ဖြေဆိုကြမည့် စေတနာ(အခမဲ့) တက္ကသိုလ်ဝင်တန်း သင်ထောက်ကူသင်တန်းသို့ သင်ရောက်သင်ကြားနေသူ သင်တန်းသား၊သူ ဦးရေမှာ (144)ဦးရှိပြီး သင်တန်းကာလမှာ (3)လဖြစ်ကြောင်းသိရှိရပါသည်။

No comments:

Post a Comment

သူငယ်ချင်းတို့....အမြင်လေးတွေရေးပေးခဲ့ပါ။