ယခုဘလော့ဂ်အား (ဝေဖန်ချက် ၊ ထင်မြင်ချက်) သတင်း၊ ဆောင်းပါး၊ ဓါတ်ပုံ၊ ကဗျာများပေးပို့လိုပါက ဆက်သွယ်ရန်လိပ်စာ lion.nnt@gmail.com,cherrylandlay@gmail.com, Phone: 09428363601 ပေးပို့သူများကိုလည်း အထူးပဲကျေးဇူးတင်ရှိပါတယ်။

Monday 21 January 2013

 လူမြင်ကွင်း၌ ဖြစ်ပွားခဲ့သော ကျပ်သိန်း ၆၀၀ ကျော် လုယူထွက်ပြေး သွားသူအား နှစ်ပတ်ခန့် အကြာတွင် ဖမ်းဆီးရမိ

လူမြင်ကွင်း၌ ဖြစ်ပွားခဲ့သော ကျပ်သိန်း ၆၀၀ ကျော် လုယူထွက်ပြေး သွားသူအား နှစ်ပတ်ခန့် အကြာတွင် ဖမ်းဆီးရမိခဲ့ကြောင်း ကမာရွတ်ရဲစခန်းမှ သတင်းရရှိသည်။
အဆိုပါ ဖြစ်စဉ်မှာ ဇန်န၀ါရီလ ၇ ရက်နေ့၊ နေလည်အချိန်၌ ပြည်လမ်းရှိ ကမ္ဘောဇဘဏ်တွင် ပဲကိုယ်စားလှယ် တစ်ဦးသည် ကုမ္ပဏီပိုင် ငွေသိန်း ၆၆၆ သိန်းအား သူငယ်ချင်းဖြစ်သူနှင့် အတူ ထုတ်ယူခဲ့ပြီး ဘဏ်အနီးရှိ အငှားယာဉ် တစ်စီးအား ငှားရမ်းစီးရာမှ ကမာရွတ်မြို့နယ် စိုက်ပျိုးရေး မှတ်တိုင် အနီးတွင် ကားစက် ပျက်သွားသဖြင့် ၄င်းတို့ နှစ်ဦးက ဆင်းတွန်းပေးစဉ် ယာဉ်အား မောင်းနှင် ထွက်ပြေးခဲ့ကြောင်း ကမာရွတ် ရဲစခန်း၏ အမှုစစ်ချက်အရ သိရသည်။
ဒဂုံမြောက်မြို့နယ် နေသူ သိုးကိုကိုမောင်မှာ ယခင်က တက္ကစီကား မောင်းနှင်သူမှာ လက်ရှိတွင် ကျပ်သိန်း ၃၀၀ တန် အာရာဖတ် ခဲရောင်ယာဉ် တစ်စီးအား ၀ယ်ယူထားသည်ကို တွေ့ရှိရကြောင်း၊ ထို့ပြင် ရွှေနန်းတော်၊ အောင်သမာဓိ ရွှေဆိုင်မှ သိန်း ၇၀ ဖိုး ရွှေထည်များ ၀ယ်ယူခဲ့ကြောင်း အရပ်ပေး သတင်းများမှ သိရှိခဲ့သဖြင် ဇန်န၀ါရီလ ၂၀ ရက်နေ့တွင် ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း အနောက်ပိုင်း ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မျိုးအောင်မှ ဆိုသည်။
“ဖြစ်စဉ်ဖြစ်ပွားခဲ့တာ ၇ ရက်နေ့က ဖြစ်ပါတယ်။ ဖမ်းမိတာ ကတော့ ၂ ပတ်ခန့် အကြာမှ ဖမ်းမိခဲ့ပါတယ်။ အဓိကကတော့ ဘဏ်တွေမှာ တပ်ထားတဲ့ လုံခြုံရေး ကင်မရာတွေဟာ ဒီထက်ပိုပြီး စွမ်းရည် မြင့်မားတဲ့ ဟာတွေ တပ်ထားဖို့ လိုနေပါတယ်။ စဖြစ်တုန်းက ဆိုရင် လုံခြုံရေး ကင်မရာကို ကြည့်တဲ့အခါ ကားအရောင်ကိုပဲ မြင်ရတယ်။ ကားနံပတ်ကို မတွေ့ရှိရဘူး။ အကယ်၍ နံပါတ်ကိုသာ တွေ့ခဲ့ရမယ်ဆိုရင် နာရီဝက် တစ်နာရီ အတွင်းမှာ ဖမ်းဆီးရမိမှာ ဖြစ်ပါတယ်။ အခုဖြစ်သွားတဲ့ ဖြစ်စဉ်မှာ အမာခံ သတင်းပေးတွေနဲ့ပဲ ဆက်စပ် ဖော်ထုတ်ခဲ့တာ ဖြစ်ပါတယ်” ဟု ဦးမျိုးအောင်မှ ပြောကြားခဲ့သည်။
သိုးကိုကိုမောင်မှ ကျပ်သိန်း ၆၆၆ သိန်းအား ခိုးယူခဲ့ကြောင်း ထွက်ဆိုခဲ့ပြီး၊ ယင်းငွေဖြင့် အာရာဖတ် ခဲရောင် ၅င/..... ၄ ကျပ် ၄ ပဲသားရှိ လက်ကောက် ၁၆ ကွင်း၊ ၂ ကျပ်သား ရွှေလက်စွပ် ၂ ကွင်း၊ ၃ ကျပ်သား ဆွဲကြိုး အကြီး ၁ ကုံး၊ ၁ ကျပ် ၈ ပဲသား ဟန်းချိန်း ၁ခု၊ ၁ ကျပ် ၁၀ ပဲရှိ ရွှေဆွဲကြိုး ၁ ကုံး တို့နှင့်အတူ ငွေ ၆၄ သိန်းတို့အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သတ်၍ ကမာရွတ်မြို့နယ် ရဲစခန်း မှ (ပ)၈/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၇၉ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

Source:Eleven Media

No comments:

Post a Comment

သူငယ်ချင်းတို့....အမြင်လေးတွေရေးပေးခဲ့ပါ။