ယခုဘလော့ဂ်အား (ဝေဖန်ချက် ၊ ထင်မြင်ချက်) သတင်း၊ ဆောင်းပါး၊ ဓါတ်ပုံ၊ ကဗျာများပေးပို့လိုပါက ဆက်သွယ်ရန်လိပ်စာ lion.nnt@gmail.com,cherrylandlay@gmail.com, Phone: 09428363601 ပေးပို့သူများကိုလည်း အထူးပဲကျေးဇူးတင်ရှိပါတယ်။

Thursday 10 January 2013

ရန်ကုန်မြို့ နာရေးကူညီမှုအသင်းဥက္ကဌ ဦးကျော်သူနှင့် ၂၅ဦးခန့်သည် တောင်ကြီးမြို့သို့ရောက်ရှိ

ရန်ကုန်မြို့ နာရေးကူညီမှုအသင်းဥက္ကဌ ဦးကျော်သူနှင့် ၂၅ဦးခန့်သည် တောင်ကြီးမြို့ ဗိုလ်ချူပ်လမ်း ဟတ်ဟွမ် ဟိုတယ် သို့ ၉.၁.၂၀၁၃ ရက်နေ့ ညနေ (၆:၀၀)ခန့် အချိန်ရောက်ရှိတည်းခိုပြီး ၁၀.၁.၂၀၁၃ ရက်နေ့ နံနက်(၈:၄၀)အချိန်တွင် တောင်ကြီးမြို့ ကျောင်းကြီးစုရပ်ကွက် နမ့်ခုံး ရှမ်းများ နာရေးကူညီမှုအသင်းတွင် နာရေးကူညီမှုလုပ်ငန်းများ ညှိနှိုင်းဆွးနွေးပြီး (၉:၃၀) အချိန်တွင်ပြီးဆုံးသည်။ တက်ရောက်ဦးရေ (၅၀) ဦးခန့်ရှိကြောင်း သိရပြီး ၊ ၄င်းနောက် ကျောင်းကြီးစုရပ်ကွက် တာဝတ္တိံသာဘုန်းတော်ကြီးကျောင်းတွင် သွားရောက်ဖူးမျှော်ပြီး ကက္ကူမွေတော်ဘုရားသို့ ဆက်လက်ထွက်ခွာသွားကြောင်း သိရှိရပြီး၊ ည(၇) နာရီအချိန် တောင်ကြီးမြို့နယ် အေးသာယာမြို့ မြို့လည်ဓမ္မာရုံတွင် နာရေးကူညီမှု ရှေ့လုပ်ငန်းစှုများ ဆွေးနွေးဟောပြောမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

No comments:

Post a Comment

သူငယ်ချင်းတို့....အမြင်လေးတွေရေးပေးခဲ့ပါ။